နွားကောင်းမကောင်း ဘယ်လိုခွဲခြားရွေးချယ်မလဲ




နွားရွေးနည်းပညာမှာ ခြောက်ကွက်လှတဲ့နွားဟာ အကောင်းဆုံးဖြစ်ပါတယ်။ ခြောက်ကွက်လှတဲ့နွားဆိုတာက လှပတဲ့အကွက်ကောင်းရှိတဲ့နွားကို ပြောတာဖြစ်ပါတယ်။ 
• နွားကောင်းတွေရဲ့လက္ခဏာရပ်က အမြီးစွပ်ခြင်းဟာ အကွက်ကောင်းတစ်ကွက်ဖြစ်ပါတယ်။

• ထိပ်ကွက်ခြင်းဟာလည်း အကွက်ကောင်းတစ်ကောင်းဖြစ်ပါတယ်။

• ခြေထောက်လေးဖက်စလုံး ဒူးဆစ်ထိဖြူတာဟာ အကွက်ကောင်းလေးကွက်ဖြစ်ပါတယ်။
ဒီအင်္ဂါရပ်တွေနဲ့ပြည့်စုံတဲ့နွားကို ခြောက်ကွက်လှနွားလို့ခေါ်ကြပါတယ်။
နွားကောင်းမကောင်းကို ရွေးတဲ့အခါ ချိုအသွေးအရောင်ကို ကြည့်ပြီးတော့လည်း ရွေးချယ်ရပါတယ်။
• မြောက်သုံးသွယ်လို့ခေါ်တဲ့ ဦးခေါင်းမောက်မောက်ထောင်ထောင်ရှိခြင်း၊ ခေါင်းတမော့မော့ရှိတာကို ပြောတာဖြစ်ပါတယ်။ အချို့နွားတွေမှာ ထိပ်ကို တူနဲ့ထုထားသလို ခေါင်းငိုက်စိုက်နေတာတွေရှိတတ်ပါတယ်။

• ကျယ်သုံးလီဆိုတာက ချိုနှစ်ခုစပ်ကြားမှာ ထိပ်အင်းကျယ်ခြင်း၊ရင်အုပ်ကျယ်ခြင်း၊တင်ပါးဆုံကျယ်ခြင်း စတဲ့အင်္ဂါရပ်တွေရှိပါတယ်။

• နီသုံးချက်ဆိုတာကတော့ လျှာနီခြင်း၊နှာနီခြင်း၊ခွာလေးဖက်နီနေခြင်းကို ပြောတာဖြစ်ပါတယ်။
မြောက်သုံးသွယ်၊ ကျယ်သုံးလီ၊နီသုံးချက်နဲ့ ပြည့်စုံတဲ့နွားဟာ နွားကောင်းလက္ခဏာပြည့်စုံတဲ့အတွက် လာဘ်နွားလို့ခေါ်ကြပါတယ်။ အဲဒီနွားပိုင်ရှင်ဟာ တစ်နေ့တခြား စီးပွားတိုးတက်လာတယ်လို့ သိရပါတယ်။

Source; ဦးဝင်းဇော် (သုံးဆယ်) ၊ ကျွဲ၊နွား၊မြင်း၊ဆိတ်တို့တွင် ဖြစ်တတ်သောရောဂါနှင့် ဆေးမြီးတိုကုသနည်းများ

www.shwetheenhan.com

Comments

Popular posts from this blog

စားဝတ်နေရေးပြေလည်စေဖို့ တပိုင် တနိုင် တောင်ပို့ ''မှို''ဖောက်နည်း

ကြက်မွေးမြူရေးလုပ်ငန်းအတွက် ကြက်မျိုးတွေဘယ်လိုတည်ဆောက်မလဲ