Posts

Showing posts from October, 2018

နွားကောင်းမကောင်း ဘယ်လိုခွဲခြားရွေးချယ်မလဲ

Image
နွားရွေးနည်းပညာမှာ ခြောက်ကွက်လှတဲ့နွားဟာ အကောင်းဆုံးဖြစ်ပါတယ်။ ခြောက်ကွက်လှတဲ့နွားဆိုတာက လှပတဲ့အကွက်ကောင်းရှိတဲ့နွားကို ပြောတာဖြစ်ပါတယ်။  • နွားကောင်းတွေရဲ့လက္ခဏာရပ်က အမြီးစွပ်ခြင်းဟာ အကွက်ကောင်းတစ်ကွက်ဖြစ်ပါတယ်။ • ထိပ်ကွက်ခြင်းဟာလည်း အကွက်ကောင်းတစ်ကောင်းဖြစ်ပါတယ်။ • ခြေထောက်လေးဖက်စလုံး ဒူးဆစ်ထိဖြူတာဟာ အကွက်ကောင်းလေးကွက်ဖြစ်ပါတယ်။ ဒီအင်္ဂါရပ်တွေနဲ့ပြည့်စုံတဲ့နွားကို ခြောက်ကွက်လှနွားလို့ခေါ်ကြပါတယ်။ နွားကောင်းမကောင်းကို ရွေးတဲ့အခါ ချိုအသွေးအရောင်ကို ကြည့်ပြီးတော့လည်း ရွေးချယ်ရပါတယ်။ • မြောက်သုံးသွယ်လို့ခေါ်တဲ့ ဦးခေါင်းမောက်မောက်ထောင်ထောင်ရှိခြင်း၊ ခေါင်းတမော့မော့ရှိတာကို ပြောတာဖြစ်ပါတယ်။ အချို့နွားတွေမှာ ထိပ်ကို တူနဲ့ထုထားသလို ခေါင်းငိုက်စိုက်နေတာတွေရှိတတ်ပါတယ်။ • ကျယ်သုံးလီဆိုတာက ချိုနှစ်ခုစပ်ကြားမှာ ထိပ်အင်းကျယ်ခြင်း၊ရင်အုပ်ကျယ်ခြင်း၊တင်ပါးဆုံကျယ်ခြင်း စတဲ့အင်္ဂါရပ်တွေရှိပါတယ်။ • နီသုံးချက်ဆိုတာကတော့ လျှာနီခြင်း၊နှာနီခြင်း၊ခွာလေးဖက်နီနေခြင်းကို ပြောတာဖြစ်ပါတယ်။ မြောက်သုံးသွယ်၊ ကျယ်သုံးလီ၊နီသုံးချက်နဲ့ ပြည့်စုံတဲ့နွားဟာ နွားကောင်းလက္ခဏာပြည့်စုံတဲ့အတွက် လ...

ကြက်မွေးမြူရေးလုပ်ငန်းအတွက် ကြက်မျိုးတွေဘယ်လိုတည်ဆောက်မလဲ

Image
• မွေးမြူရေးလုပ်ငန်းအောင်မြင်ဖို့အတွက် ကြက်မျိုးကောင်းမျိုးသန့်ရဖို့အရမ်းအရေးကြီးပါတယ်။ မျိုးကောင်းမျိုးသန့်ရဖို့အတွက် မျိုးစပ်နည်းအခြေခံသဘောတရားသိထားဖို့လိုပါတယ်။ • မျိုးစပ်တဲ့အခါ မျိုးတူကြက်အချင်းချင်းမျိုးစပ်နည်းနဲ့ မျိုးကွဲကြက်အချင်းချင်း မျိုးစပ်နည်း ဆိုပြီးတော့ရှိပါတယ်။ မျိုးသန့်ကြက်(၂)မျိုးကို သားစပ်လိုက်တဲ့အခါ ပထမမျိုးရောကို ရပါတယ်။ အဲဒီမျိုးရောကြက်တွေဟာ မျိုးသန့်မိဘတွေထက် ဥအုနှုန်းကောင်းလေ့ရှိပါတယ်။ • ကြက်မျိုးတစ်မျိုးမှာ ဥအုနှုန်းကောင်းပြီး ဥသေးနေရင် နောက်ကြက်တစ်မျိုးက အုဥနှုန်းမကောင်းပဲ ဥကြီးနေရင် အဲဒီကြက်နှစ်မျိုးကို ရောပြီးမျိုးစပ်ကြပါတယ်။ အဲဒီကြက်နှစ်မျိုးကို မျိုးစပ်လိုက်ရုံနဲ့ လိုအပ်ချက်ကို ရရှိနိုင်သလို မရတာလည်းရှိနိုင်ပါတယ်။ • ကြက်တစ်မျိုးထဲကို စံချိန်ကောင်းတဲ့ကြက် ထပ်ဆင့်ထပ်ဆင့် ဖောက်ကြပါတယ်။ မျိုးတူ မျိုးဖောက်ခြင်းဖြစ်တဲ့အတွက် မလိုလားတဲ့ အကောင်တွေလည်း ထွက်ရှိလာတတ်ပါတယ်။ အဲဒီကောင်တွေအားလုံးကို ဖယ်ရှားပြီး မျိုးသန့်ရဖို့ လုပ်ကြပါတယ်။ • မျိုးကြက်ဖောက်လုပ်ရောင်းချသူတွေဟာ နိုင်ငံခြားကနေတင်သွင်းလာတဲ့ မျိုးရင်းနဲ့နီးစပ်ဖို့ ကြက်ဖကို အချိန်ကြာကြာမလဲပဲ ...

စားဝတ်နေရေးပြေလည်စေဖို့ တပိုင် တနိုင် တောင်ပို့ ''မှို''ဖောက်နည်း

Image
စားဝတ်နေရေးပြေလည်စေဖို့ တပိုင် တနိုင် တောင်ပို့ ''မှို''ဖောက်နည်း လေးကိုတင်ပြပေးမှာဖြစ်ပါတယ် ဒီနည်းဟာ အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ် ဘာမှမရှိတာမို့ မြန်မာပြည်သူပြည်သား အားလုံး တပိုင်တစ်နိုင်လုပ်ကိုင်နိုင်သလို မြေဧကအနည်းရှိသူတွေအတွက်လည်းစီးပွာဖြစ်ထုပ်လုပ်ရောင်ချနိုင်ပါတယ် ယနေ့မှိုတစ်ပိဿာဈေးဟာလည်း၁ သောင်းကျော်နေတာမို့မက်လောက်စရာဖြစ်ပါတယ်''အရေးကြီးတာက နည်းသိဖို့ပါဘဲ ..သဘာဝနည်းဖြစ်တာကြောင့်ဓာတုဗေဒဆေးဝါးကင်းတာကြောင့် စားသုံးသူများအန္တရယ်မရှိယုံသာမက အနံအရသာဟာလည်းသဘာဝမှိုကဲ့သို့ စိမ့်ချိုနေစေမှာပါ နည်းမှာ ပါဝင်ပစ္စည်း ၃ မျိုးသာရှိပြီးမိမိပတ်ဝန်းကျင်မှာအလွယ်တစ်ကူရှာဖွေရလွယ်ပါတယ် ၁-ခြတောင်ပို့ အတွင်းပိုင်းမှမြေသား ၂၀ သားခန့် ၂-ထမင်းဖြူ ၆၅ ကျပ်သား(တစ်ကီလို) ၃ရေ၂လီတာ(ရေသန့်ဗူး၂ဘူး)တို့ဘဲဖြစ်ပါတယ် *ပထမဦးစွာ တောင်ပို့မြေ နဲ့ ထမင်းဖြူ တို့ကိုဇလုံတစ်ခုထဲမှာရောထည့်ပြီး သမအောင်မွှေပေးရပါမယ် ထို့နောက် ရေ ကိုဖျန်းလိုက် မွှေလိုက်ဖြင့် ရေသန်ဘူး ၂ဘူးစာကုန်တဲ့အထိ မွှေပေးရပါမယ် ပြီးနောက် ထိုဇလုံကိုနေရောင်ခြည်တိုက်ရိုက်မကျတဲနေရာ မပူလွန်းမအေးလွမ်တဲ့နေရာမှာ ၇ ရက်ခန...